အလုပ်လုပ်ရင်းနဲ့ တွေ့ကြုံဖြေရှင်းနေရတာနဲ့တင် Blog တောင်မရေးဖြစ်တာ တော်တော်လေးကို ကြာခဲ့ပါပြီ။ ဒီနေ့တော့ ရေးချင်တာရော နောက်ကြုံတွေ့ရရင် ပြန်ရှာလို့ရနိုင်ဖို့အတွက်ရော ရေးသားဖြစ်လိုက်ပါတော့တယ်။
အခုလောလောဆယ်မှာတော့ Mybb ကို အသုံးပြုပြီး Forum တစ်ခုကို Develop လုပ်နေရင်းနဲ့မှ Database ထဲမှာ Strict Mode က Enable ဖြစ်နေတဲ့အတွက်ကြောင့် ရှာရင်း ဖွေရင်းနဲ့ တွေ့ရတဲ့ Solution လေးအကြောင်းကို မှတ်ထားချင်တာကြောင့် ဒီလိုလေးလုပ်ခဲ့ပါတယ်ပေါ့။
ကျွန်တော် အခုလောလောဆယ် Runcloud ကို သုံးနေတာဖြစ်တဲ့အတွက်ကြောင့် မတူညီတာတွေရှိကောင်းရှိနိုင်ပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ နေရာအလိုက် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အခြားတွေမှာပါ ထပ်ပြီးရှာဖွေစေချင်တာတော့ အမှန်ပါပဲ။ ကျွန်တော် လုပ်ခဲ့တာကိုတော့ အောက်မှာ အသေးစိတ်အဆင့်ဆင့်ရှင်းပြထားပါတယ်။
ပထမဆုံး ssh ကိုလှမ်းချိတ်လိုက်ပါတယ်။ (Server ရယ်လို့ပြောပြီဆိုရင်တော့ ssh က မပါမဖြစ်နေရာမှာပါပြီပေါ့) ချိတ်ပြီးရင်တော့ User အနေနဲ့ လုပ်လို့မရတာကြောင့် root user ကိုပြောင်းလိုက်ပါတော့တယ်။
command ရိုက်ပြီးရင်တော့ Password: ဆိုပြီးပေါ်နေရင်တော့ root password ကိုရိုက်ပေးရပါမယ်။ ပြောင်းပြီးသွားရင်တော့ php.ini file ထဲမှာမရှိတဲ့အတွက်ကြောင့် mysql folder ထဲကိုပြောင်းပြီး ဆက်လုပ်ရပါတယ်။
အရင်ဆုံး my.cnf file ကို touch လုပ်မှာဖြစ်တဲ့အတွက်ကြောင့် Server နဲ့ပက်သက်ပြီး တစ်ခုခုလုပ်ရင် လွဲတတ်တာကြောင့် backup အရင်လုပ်ပါတယ်။ ဒါမှလဲ တစ်ခုခုဖြစ်သွားရင် ပြန်ယူလို့ရတာပေါ့။
အဲ့ဒီနောက်မှာတော့ my.cnf file ကို modify လုပ်ပါတော့မယ်။ nano ဖြစ်ဖြစ် vim ဖြစ်ဖြစ် သုံးလို့ရပေမယ့် ကျွန်တော်ကတော့ nano ကို သုံးလိုက်ပါတော့တယ်။
ပွင့်လာတဲ့ my.cnf မှာပဲ Nano ရဲ့ command ဖြစ်တဲ့ Ctrl + W နဲ့ sql_mode ကိုရှာလိုက်ပါတော့တယ်။ ကျွန်တော်ပြင်ချင်တာကလဲ sql_mode ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဆိုတော့ တွေ့ပြီဆိုရင်တော့။ Default ရှိပြီးသား Line ရဲ့အောက်မှာ အသစ်လေးကို ထည့်ပေးလိုက်ပါတော့တယ်။ တစ်ခုခုဖြစ်တဲ့အခါ အသစ်ထည့်ထားတဲ့ Line ကို Remove လုပ်လိုက်ရင် ရတာဖြစ်တာကြောင့်ပါပဲ။ Server နဲ့ပက်သက်ပြီး error တက်သွားရင် အချိန်ပိုကုန်တာကြောင့် ကိုယ့်ဘက်က Safe Side ဖြစ်အောင်လုပ်ထားတာအကောင်းဆုံးပါပဲ။ အသစ်ထည့်လိုက်တာကတော့

ဘာကြောင့်လဲဆိုတော့ ကျွန်တော့ mysql ထဲမှာရှိတဲ့ db_queries ကတော့
ဖြစ်နေတဲ့အတွက် STRICT_TRANS_TABLES ကို Remove လိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ အခြားဟာတွေကိုလဲ လိုအပ်သလို ထည့်လို့ရပြီး ဖြုတ်ချင်လဲ ဖြုတ်လို့ရပါတယ်။ အခုလောလောဆယ်မှာတော့ STRICT_TRANS_TABLES ကို ဖြုတ်ချင်တာဆိုတော့ STRICT_TRANS_TABLES လေးကိုပဲ ဖြုတ်ချလိုက်ပြီး Nano ကို Save ပြီး ပိတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ Terminal ကနေ Smart ကျကျ Command ရိုက်ပြီးလုပ်မယ်ဟဲ့ဆိုပြီး လုပ်လိုက်ပေမယ့်လို့ အဆင်မပြေတဲ့အတွက်ကြောင့် Runcloud ရဲ့ GUI ကနေပဲ click click လေး လုပ်လိုက်ပါတော့တယ်။

MariaDB သုံးထားတာဖြစ်ပြီး Runcloud Doc ထဲမှာလဲ MariaDB အကြောင်းသိပ်မပါတာနဲ့ပဲ Runcloud GUI ရဲ့ Dashboard ထဲမှ Services ကိုသွားပြီး MariaDB ရဲ့ Option မှာ အထာကျကျပဲ Restart လုပ်လိုက်ပါတော့တယ်။ အခုဆိုရင်တော့ ssh ထဲကပဲဖြစ်ဖြစ် phpmyadmin ကဖြစ်ဖြစ် စစ်လိုက်ရင် STRICT_TRANS_TABLES ဆိုတာလေး မပါတော့ပါဘူး။ ဆိုတော့ အခုလောလောဆယ် ကြုံနေရတဲ့ Strict Mode Disable လုပ်တဲ့ဟာလေးက အဆင်ပြေသွားပြီပဲဖြစ်ပါတော့တယ်။ STRICT_TRANS_TABLES ကို စစ်ချင်ရင်တော့ Terminal မှဆိုရင်

လို့ရိုက်ပြီး စစ်နိုင်မှာဖြစ်ပါတယ်။ အကယ်လို့သာ phpmyadmin ထဲမှ စစ်ချင်တယ်ဆိုရင်တော့။

တို့ဖြင့် ကြိုက်နှစ်သက်သလို စစ်လို့ရမှာပါ။ BOOM!